မက်မန်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အု်ပချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အ.ထ.က-မက်မန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၅) နှစ်နှင့်အထက် (KG)တန်းနှင့် အသက် (၁၂) နှစ်နှင့် ၁၈ နှစ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
“အသက် (၅) နှစ်ပြည့် (KG)တန်းက ပထမအကြိမ် ထိုးနှံခြင်းဖြစ်ပြီး၊ အသက် (၁၂) နှစ်နှင့် (၁၈)နှစ် ကျောင်းသား/ ကျောင်းသူများအား Second Booster Dose ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယနေ့ စုစုပေါင်း (၄၁)ယောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် အ.ထ.က-မက်မန်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)