ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ပင်လုံ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ ခွဲနာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူ ကစာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးစာ​အုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်ဝါဝါမြတ်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်မှ “ပညာတတ်ဖို့ စာဖတ်ရမည်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက “စာသင်ရာမှာ ရယ်မောစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်၍ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ စာအုပ်စာပေချစ်မြတ်နိုးသူကျောင်း သားလူငယ်များအသင်း(Book Club, Youth Club)အဖွဲ့ဝင်များမှ  မောင်မြတ်မဟာမှ “သိင်္ဂါလောဝါဒသုတ်လာ မိဘဝတ်၊ သားသမီးဝတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလင်းလက်ဖူးမှ “သိင်္ဂါလောဝါဒသုတ်လာ ဆရာဝတ်၊ တပည့်ဝတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းဆက်ပိုင်မှ “ဆရာတပည့်ပုံရိပ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းဖြူဖွေးမှ “စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စ” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကာ အသိပညာဗဟုသုတများကို အပြန်အလှန် မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)