ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ တိုင်ထောင်ပဲတောင့်ရှည်များစျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

မွန်ပြည်နယ် မုဒုံမြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် ကျောင်းပေါင်းစုံ အထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Glory ကိုယ်ပိုင်စာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းပေါင်းစုံအထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈၊ ပဒေသာမြို့သစ် ရှိ Glory ကိုယ်ပိုင်စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် အာဇာနည်နေ့အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲနှင့်ပုံတူပန်းချီဆွဲပြိုင်ပွဲကျင်းပ

(၇၆)နစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

စဉ့်ကူးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခင်းကျင်းပြသထားသည်။

နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ စပါးမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စာရံအိုင့်ကျေးရွာတွင် ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြသည်။

မတ္တရာမြို့နယ်၌ ၇၆နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

၇၆နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များကို နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှု လေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။

ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  အမှတ်(၄)ရပ်ကွက်၊ ( အ-မ-က)အောင်စေတီကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to