မိုင်းရယ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။
အဆိုပါ ပန်းချီပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းနှင့် မူလွန်(၁)ကျောင်းများမှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၃)ဦးတို့က အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီများကို ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုခန်းမ၌ ပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးမှတ်တမ်း၊ ဗိုလ်ချုပ် အောင်ဆန်းနိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်း စသည့် နံရံကပ်စာစောင်များကို ကြည့်ရှု လေ့လာခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲကို ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်တင်ထွေးရီ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ခင်မာလာနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)