ချောင်းဦးမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ချောင်းဦး)တို့ ပူးပေါင်းပြီး လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊မူလတန်းအဆင့် စာစီစာကုံး ၊ ကဗျာပြိုင်ပွဲပြုလုပ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့် ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ ကျေးရွာပြည်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေး ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာနေပြည်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေး အတွက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လိတ္ထူကျေးရွာ ဇေယျာသီရိရွာဦး ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

ပြည်မြို့ လူထုဗဟိုပြုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြုအခြေ ပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပခဲ့ကြောင်းသိရသည်။

ရပ်စောက်မြို့နယ် အခြေခံပညာမူလတန်းကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူကျန်းမာဖို့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်စို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ကျောင်းကျန်း မာရေးလှုပ်ရှားမှုများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် တောင်သူများတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က ထန်းဇင်လှကြို့ကုန်းကျေးရွာ၊ လောကမုနိ ဘုန်းကြီးကျောင်း၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွှတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်း၍(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွှတ်ဆိုပြိုင်ပွဲကို​ ဇူလိုင် ၁၈ရက် နေ့လည်ပိုင်းက မော်လမြိုင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centerခန်းမ၌ ကျင်းပပြုလုပ်သည်။

လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်များ အသိဉာဏ်ပညာဗသုသုတနှင့် ပြည့်စုံပြီး လူတော်‌လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်း‌ကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်‌နေ့နံနက်(၁၀)နာရီက ချောင်းဦးမြို့ နည်းပညာအထက်တန်းကျောင်း လက်တွေ့ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to