၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသာား/သူများနှင့် ထူးချွန်အောင် သင်ကြားပေးခဲ့သောဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက-၁ ကျောင်း ရွေညီလာခန်းမတွင် အဆိုပါ ကျောင်း၏ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသာား/သူများနှင့် ထူးချွန်အောင် သင်ကြားပေးခဲ့သော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။