နမ္မတူတွင် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်ပို စတာစိုက်ထူ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာ စေရန် ရည်ရွယ်၍ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။