ကံမ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁) နာရီက ကံမမြို့နယ်ရုံး (Community Centre)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဓါတ်ပုံ၊ နံရံကပ်ပိုစတာ၊ စာအုပ်ပြပွဲများကို ပြုလုပ်ကျင်းပခဲ့ရာ မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓါတ်ပုံများ၊ ကျောင်းသား၊ ကျောင်းသူများ သိသင့်၊ သိထိုက်သော အာဇာနည်နေ့သမိုင်းကြောင်းများအား ပြသခဲ့ပြီး စာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)