ရွှေပြည်သာ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုရသေးသူ များအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် လှော်ကားကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ် လဝက တိုက်နယ်မှူး ဒေါ်ဝေဝေလင်းထိုက် ဦးဆောင်၍ ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင်ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးတွင်လည်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ၊ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)