ဇေယျာသီရိ ဇူလိုင် ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နန်းဩကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။
အခမ်အနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မေသဇင်အောင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒေါ်မေသဇင်အောင်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မှသာ နိုင်ငံသားအခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၉၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)