တောင်ဥက္ကလာပမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိ‌စေရန်  ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ဇူလိုင်၁၈ရက်နေ့က နံနက် (၁၀း၀၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အမှာစကားပြောကြားရာတွင် လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲ၀ံ့စွာစကားပြောဆိုတတ်စေရန် လူငယ်စကား၀ိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်‌အေးသီတာထွန်းတို့က ဆောင်ရွက်ပြီး အထက်တန်းအဆင့် G-10 ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊  လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဥ်အောက်မှ အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။ ဒုတိယပိုင်းအနေနှင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့မှ ၎င်းတို့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းက ကျောင်းသားလူငယ်များ စာအုပ်၊ စာပေများ ဖတ်ရူလေ့လာထားခြင်းကြောင့် ယခုလိုလူငယ်စကား၀ိုင်းကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊  ဗဟုသုတ၊ အသိပညာရပ်များကို ပိုမိုလေ့လာကြစေလိုကြောင်း၊  ကျောင်းသား၊ ကျောင်းသူများ ကျန်းမာမှ ပညာသင်ယူနိုင်မည်ဖြစ်၍ ကျန်းမာရေး အထူးဂရုပြုရန်ပြောကြားခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဦးကျော်မင်းက ကျေးဇူးတင်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားသို့  သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တောင်ဥက္ကလာပမြို့နယ် မြို့နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာမှဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ ဆက်)