မိုင်းဆတ် ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲအား ကလေးငယ်များ၏ အင်္ဂလိပ်စာစွမ်းရည်နှင့် ဖြတ်ထိုးဉာဏ်တိုးတက်မြင့်မားစေရန်၊ အင်္ဂလိပ်စာသင်ခန်းစာ မှတ်မိနိုင်စွမ်းများကို စမ်းသပ်သည့်အနေဖြင့် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅)ဦး ပါဝင်ယှဥ်ပြိုင်ကြကာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(မိုင်းဆတ်)