တနင်္သာရီမြို့-လေသာတောင်စေတီတော်မြတ်ကြီးအားဗုဒ္ဓအဘိသေက ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲကျင်းပ

တနင်္သာရီ ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ရုံးတောင်လမ်းရှိ လေသာတောင် စေတီတော်မြတ်ကြီးအား ၂၀၂၃ခုနှစ်၊ မတ်လအတွင်း လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးဖြစ်သဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းလှူဒါန်းမှုဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က ဗုဒ္ဓအဘိသေက ဘုရားအနေကဇာတင်လှူပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ကျင်းပပြုလုပ်ရာ တနင်္သာရီမြို့နယ်၊ အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နံနက် ၉ နာရီ ၃၀ အချိန် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇောတိကနှင့် သံဃာတော် (၄) ပါးတို့က လေသာတောင် စေတီတော် မြတ်ကြီးအား ဆက်လက်၍ လေသာတောင်ဓမ္မာရုံအတွင်း လူပရိတ်သတ်အပေါင်းအား ဆရာတော် ဘဒ္ဒန္တဇောတိကက ငါးပါးသီလချီးမြှင့်ပေး၍ ဆရာတော်/ သံဃာတော်များက မေတ္တသုတ်ပရိတ်တော်ကို ရွတ်ပွား ပူဇော်ပေးကာ ကုသိုလ်တရား အကျိုးများ တရားတော်ဖြင့် ဩဝါဒ ချီးမြှင့်ပေးတော်မူသည်။

ယင်းနောက် အလှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်/ သံဃာတော်များကို ဗိုလ်မှူကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝတ္ထုပစ္စည်းနှင့်အလှူငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လူပရိတ်သတ်အပေါင်းကိုလည်း နေ့လည်စာ လှူဒါန်းကျွေးမွေးပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း