မင်းလှ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ ခင်စောတင့်ရေသားသည့် စွန့်စားမူဆီသို့ ခြေတစ်လမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က ခင်စောတင့်ရေသားသည့် စွန့်စားမူဆီသို့ခြေတစ်လမ်းစာအုပ်မှ လမ်းလျောက်ထွက်ကြမယ်၊ ရှုမဆုံးတော့ သည်၊ မျော်လင့်ချက်၊မွေးမေမေနှင့် ကျွေးမေမေ၊ သိုက်မြုံမှခွာသောအခါအပါအဝင် အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ပေါက်စ(မင်းလှ)