မဟာအောင်မြေ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇူလိုင်လ (၂၀)ရက်နေ့က မန္တလေးတက္ကသိုလ် A-1 ခန်း မဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်လက် (Biometric) ကောက်ယူခြင်းကို Biometric Enrollment and UID Management System အသုံးပြုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင်နှင့် ဝန်ထမ်းများကမန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ စာရင်းဇယား အချက် အလက်များ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခြင်း၊ အတည်ပြုခြင်းဆောင်ရွက်ပြီးအတည်ပြု ချက်ပုံစံအား ချက်ခြင်းထုတ်ပေးလျက်ရှိကြောင်းနှင့် မန္တလေးတက္ကသိုလ်ရှိဆရာ၊ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း