ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် မောင်တောမြို့နယ်တွင် မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုအားပေး

မောင်တော   ဇူလိုင် ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သောခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သော ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေက အမှာ စကားပြောကြားပြီးသက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် ကျေးရွာများတွင် ကျွဲ၊ နွားများသေဆုံးမှုများကြောင့် စက်မှုလယ်ယာ ဦးစီးဌာနပိုင် ထွန်စက်များဖြင့် တောင်သူများ၏ လယ်ယာမြေများအား မျိုးစပါးများ အချိန်မစိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်ပေးနေမှုများနှင့် ကျေးရွာများအလိုက် ထွန်ယက်ပြီးစီးမှုအခြေအနေများ၊ မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများအားအသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြပြီး လိုအပ်သည်များအားတာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်ညနေပိုင်းတွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးတာဝန်ရှိသူများသည်  ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၉၆/ဃ) ကညင်ချောင်းကွင်းရှိတောင်သူ ၂၂ ဦး ၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၂၅ ဧက တွင် စပါးများ ပျိုးထောင်ထား ရှိမှုနှင့် မြေပြုပြင် ထွန်ယက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြကာ တောင်သူများအနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင်ဆောင်ရွက်ကြစေရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)