အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေး ယမန်နေ့ညနေ(၃)နာရီက အဆိုပါကျောင်း အားကစားကွင်တွင် ၂၀၂၃-၂၀၂၄ နှစ်တွင် မိုးရာသီ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။

လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုးဖွင့်ပွဲကျင်းပ

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မိုင်းခုတ်မြို့၏ ကီလိုမာလကာပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ကီလိုမာလကာပင်များ ကို တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးလာကြောင်း သိရသည်။

ပုလောမြို့နယ်၌ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံသားတစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်နယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘုရင့်နောင်တပ်မြို့ တပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပသည်။

ကျောက်မဲမြို့နယ်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် နား‌ခေါ်ကျေးရွာ အုပ်စုဒေသခံပြည်သူများနှင့်‌တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် နားခေါ်ကျေးရွာအုပ်စုဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီခွအချိန်ကကျောက်မဲမြို့ နားခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့​သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် “စာဖတ်ရှိန်မြင့်မားရေး”ဟောပြောပွဲနှင့် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူလူငယ်များ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိ စေရေးအတွက် ယနေ့နံနက်(၁၀)နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် ဟောပြောပွဲကျင်းပပြီး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာသုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် လူနေချုံကြား စိတ်နေဘုံဖျားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
Subscribe to