ပုလောမြို့နယ်၌ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပုလော  ဇူလိုင် ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံသားတစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ (Biometric Data) များ ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းဇာကျော်နှင့် ဝန်ထမ်းများက ဦးတည်အုပ်စုများ သတ်မှတ်၍ ယနေ့တွင် နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များအား အစီအစဉ်အတိုင်း ကောက်ယူကြပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID  နံပါတ်စာရွက်ကို ချက်ခြင်းထုတ်ပေးလျက်ရှိရာ  ပုလောမြို့နယ် အမှတ်(၁) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုဝင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

လူတစ်ဦးချင်းစီ၏ (Biometric Data) ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် Enrollment Application Form (ပုံစံ-၁)ဖြင့် မျက်လုံး၊ မျက်နှာ၊လက်ဗွေကို Screen ဖတ်ပြီး၊ အချက်အလက်များကို Enrollment   Device ဖြင့် Server  ထဲထည့်၍ (Biometric Data) များ စာရင်းကောက်ယူဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအား QR Code ပါပြီး ကဏန်း(၁၀) လုံးပါ Unique ID  နံပါတ်စာရွက်ကို ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)