ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့်ဝန်ထမ်းများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ Gasifier ဖြင့် ဆန်စက် လည်ပတ်နေမှု များအား ကြည့်ရှုစစ်ဆေး

ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြောင်းမြခရိုင် အတွင်းရှိ Gasifier ဖြင့် ဆန်စက်လည်ပတ်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ ဆေးဝါးသွားရောက်ကုသရန် ခက်ခဲနေသော ကလေးလူနာအား သုခဝေဖြာပရဟိတဖောင်ဒေးရှင်းမှ ကူညီလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှ အသက်(၅)လအရွယ်ရှိသော ကလေးငယ်တစ်ဦးသည် နှလုံးကြီးရောဂါဖြင့် ဘိုကလေးကုတင်(၁၀၀)ဆေးရုံ၌ ဆေးဝါးကုသဆောင်ရွက်လျက်ရှိရာ ကလေးငယ်၏ရောဂါ အခြေအနေအရ ရန်ကုန်ကလေးဆေးရုံသို့ တာဝန်ရှိသူများမှ လွှဲပို့သဖြင့် လူနာရှင်မှ ရန်ကုန် ကလေးဆေးရုံသို့ သွားရောက်ကုသရန် အခက်အခဲရှိသောကြောင့် ဘိုကလေးမြို့၊ အမှတ်(၈) ရပ်ကွက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းမှ ယနေ့နံနက် (၇)နာရီတွင် ကူညီလှူဒါန်းမှု ဆောင်ရွက်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်းပြုလုပ်ပေးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေပြည်သာမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်‌/ ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေးသော အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြည်သူများထံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၁၄)ရပ်ကွက် ပန်းခြံ(၄)ဓမ္မာရုံ၌ ကျင်းပသည်။

ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနှင့် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သရက်ခရိုင် ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက်တွင် အသုံးပြုနိုင်ရေး ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းအမှုဆောင်အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၅၀၀၀၀)ကျပ် လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် အသုံးပြုနိုင်ရေး ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၅၀၀၀၀)သိန်း လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ(၂၀)ရက် မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ‌ရေးရာဝန်ကြီးဦးအုန်းမြင့် ညောင်တုန်းမြို့နယ်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ‌ရေးရာဝန်ကြီးဦးအုန်းမြင့်နှင့် တာဝန်ရှိသူများသည် ယမန်‌နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

ကျုံပျော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျုံပျော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ကျုံပျော် ဇူလိုင် ၂၄ ပလပြည့်ဦး(ကျုံပျော်ပြန်/ဆက်)

ကျွန်းလှမြို့နယ်တွင် မိုးစပါး ဧက ၇၅၀၀ ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယနေ့ထိ ဧက ၇၅၀၀ ဧကကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to