သင်္ဃန်းကျွန်း ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူလူငယ်များ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိ စေရေးအတွက် ယနေ့နံနက်(၁၀)နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် ဟောပြောပွဲကျင်းပပြီး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/ ကျောင်းသူများအား စာပေချစ်မြတ်နိုးသည့်စိတ်များ ကိန်းအောင်းလာပြီး ဗဟုသုတတိုးပွားစေကာ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် “စာဖတ်ရှိန် မြင့်မားရေး” ဟောပြောပွဲကို အကြီးတန်းစာရေး ဦးအောင်ဘုန်းမှဆောင်ရွက်ခဲ့ပြီး နယ်လှည့် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာပေချစ်မြတ်နိုးသူ စာငှား/စာဖတ် ပြည်သူများအနေဖြင့် အလွယ်တကူ စာအုပ်ငှားရမ်း ဖတ်ရှု နိုင်စေရန်၊ အားလပ်သောအချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာ ကုန်ဆုံးစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများတွင် အပတ်စဉ်အလှည့်ကျ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)