သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား ကျင်းပ

သံတောင်ကြီး ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်နယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘုရင့်နောင်တပ်မြို့ တပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို   ဘုရင့်နောင်တပ်နယ်မှူးနှင့်ဇနီး၊ အရာရှိ စစ်သည်များ၊ ဌာနဆိုင်ရာများက  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထများက  ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး   ဘုရင့်နောင်တပ်ဦးကျောင်းတိုက်၌  အကုန်ကျခံ၍ အောင်သုခခေါင်းလောင်းထမ်းသူ

တော်စင် နှစ်ဦးအား ဿာသနာပြု လှူဒါန်းပေးသည့် တပ်နယ်မှူးမိသားစု၊ ရွှေထီးတော်ဗောဓိပင်နှင့် ရွှေပလ္လင်တော်တို့ကို လှူဒါန်းပေးသည့် ဒုကျောင်းအုပ်ကြီးမိသားစုအား ဘုရင့်နောင်တပ်ဦးကျောင်းဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ထို့နောက် ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုမြို့တော်ဦးသီလာစာရသဒ္ဓမ္မဇောတိကမဇအရှင်သူမြတ်ဆရာတော်ဘဒ္ဒန္တသီလာစာရထံမှ သံဃာများအား ရည်စူး၍ လှူဒါန်းမှု အစုစုအတွက် တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနစီရံထိဌတု  ( ) ကြိမ်ရွတ်၍  ရုပ်သိမ်းခဲ့ပြီး  တက်ရောက်လာသည့်  ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

နော်လော်မူ