တန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင် အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြင်ဦးလွင် မြို့နယ်၊ ပင်လိန် (အရှေ့) ကျေးရွာ၊ ရွာဦးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။