မော်လမြိုင်ကျွန်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၃) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ဝက်ကွင်းကျေးရွာအုပ်စု၊ ဝက်ကွင်းကျေးရွာ တောင်သူ ဦးအောင်ဇော်မိုး၏ ကွင်းအမှတ် (၁၂၅၇)၊ ဦးပိုင်အမှတ် (၅/၂၉) ရှိလယ်မြေပေါ်၌ကျင်းပခဲ့သည်။

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ဝက်ကျိတ်)၌ကျင်းပပြုလုပ်ခဲ့သည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်ပုန်းတန်းကျေးရွာနှင့် ခတင်ပိုက်ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။

လပွတ္တာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယနေ့ နံနက်(၉)နာရီအချိန်က (၄)မိုင်မြို့ အဝင်ဂိတ်၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်း လိုက်နာကြစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြ သည်။

တောင်ကုတ်မြို့ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ရှိ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၏စားသောက်ရေးအဆင်ပြေစေရန်နှင့်မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများနှင့် တာဝန်ရှိသူများက  ယနေ့နံနက်(၇)နာရီခွဲအချိန် မြို့နယ်ခန်းမရှေ့၌ရောင်းချပေးခဲ့ကြောင်းသိရသည်။

ပုသိမ်ခရိုင်ရုံး (Community Centre) ခန်းမတွင် လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်ခရိုင်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်ရှိကျေးရွာ (၁၀) ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်မည်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ၏ပကတိလိုအပ်ချက်များကို ကျေးရွာ လူထုကိုယ်တိုင်ဖော်ထုတ်ပြီး ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးရွာ(၁၀)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလှမြို့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံး‌သောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာတွင် ဇူလိုင်(၂၃)ရက် ည (၉)နာရီခန့်က လူနေအိမ်(၃)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to