အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေး ယမန်နေ့ညနေ(၃)နာရီက အဆိုပါကျောင်း အားကစားကွင်တွင် ၂၀၂၃-၂၀၂၄ နှစ်တွင် မိုးရာသီ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် လျှပ်စစ်နှင့်ဆက်သွယ်ရေး (EC) ဘောလုံးအသင်းနှင့် မြို့​ပြအင်ဂျီနီယာ (Civil) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ မြို့အင်ဂျီနီယာ (Civil) ဘောလုံးအသင်းမှ (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီး ပထမဆုရရှိသွားကြောင်းနှင့် ပထမဆုရရှိသွားသော အင်ဂျီနီယာ ဘောလုံး အသင်းအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက ဆုဒိုင်းနှင့်ငွေသားဆုများ၊  ဆုဆွဲပြားများ ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသွားသည့် လျှပ်စစ်နှင့်ဆက်သွယ်ရေး (EC)ဘောလုံးအသင်းအား အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ငွေသားဆုနှင့် ဆုဆွဲပြားများ ချီမြှင့်ခဲ့သည်။

ထို့နောက် ပွဲစဉ်တစ်လျောက် ဂိုးအကောင်းဆုံးရရှိခဲ့သည့် (EC) ဘောလုံးအသင်းမှ မောင်ညီညီဇင်နိုင်၊ နောက်တန်း အကောင်းဆုံးဆုရရှိခဲ့သည့် (Civil) ဘောလုံးအသင်းမှ မောင်အောင်ကျော်ဖြိုး၊ အလယ်တန်း အကောင်းဆုံးဆုရရှိခဲ့သည့် (Civil) ဘောလုံးအသင်းမှ မောင်သန့်ဇင်ဝင်းနှင့် ရှေ့တန်းအကောင်းဆုံးဆုရရှိခဲ့သည့် (EP) ဘောလုံးအသင်းမှ မောင်ဇင်မင်းထက်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)