ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “လောကဓံဆိုတာ ချိုနဲ့လား”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နေ့လည် (၁)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ လစဉ်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြန်မာ့စီးပွာရေးဘဏ်၌ ဇူလိုင်လ၊ (၂၁)ရက် နံနက်ပိုင်း (၈)နာရီအချိန်ကစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့ အ.ထ.က(၄)၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို ယနေ့နံနက် ၉ နာရီ အချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမအနီးနှင့် အ.ထ.က(၄)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် မံရေးစံပြ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး Precision Auto Engineering Co.,Ltd Ptoject general manager နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း BAJAJ အမှတ်တံဆိပ်မော်တော်ယာဉ် ( ၂ဘီး၊ ၃ဘီးနှင့် ၄ဘီး) တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်နေသော Precision Auto Engineering Co.,Ltd Ptoject general manager နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမ၌ ဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က Youth Club နှင့် ပူးပေါင်း၍ မောင်မင်းစိုးရဲ့  “လူငယ်နဲ့အပြောင်း အလဲ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မိုင်းတုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး Talk Show အစီအစဉ်ကို မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင်မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအစည်းအဝေး ကျင်းပခြင်းကို ယနေ့ နေ့လယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to