မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအုပ်စု၊ ပိန်မုန်းကျေးရွာနှင့် ဝမ်ပုန်ကျေးရွာသို့ ပန်ခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ပေးခြင်းကို ဇူလိုင် (၂၂))ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။