ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ပိုင်ကျုံ ဇူလိုင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာသုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် လူနေချုံကြား စိတ်နေဘုံဖျားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်နော်ခူးခူးက  စာဖတ်ဝိုင်း  ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်အိသဲချိုက  လူနေချုံကြား စိတ်နေဘုံဖျား ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ သင်ဘယ်လိုဘဲ ဘိတ်ဆုံးဘဝ ရောက်ပါစေ လူနေချုံကြားဖြစ်ပေမယ့် စိတ်အနေတော့ ဘုံဖျားရောက်အောင် ပို့ထားရမှာဖြစ်ပါတယ်။ စိတ်ကူးနှင့်အတူ လက်တွေ့ကြိုးစားမှသာ ထိပ်ဆုံးကို ရောက်ရှိသလို တကယ်ဖြစ်ချင် တကယ်ကြိုးစားမှ ချုံကြားကနေ ဘုံဖျားကို ရောက်ရှိနိုင်မှာဖြစ်ကြောင်းကို ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် (Club)အဖွဲ့ဝင်များတို့မှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးစာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်ပါ အသိပညာပေးအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြား လာနိုင်ပါကြောင်း သိရသည်။

နော်ခူး( ပြန်/ဆက် )