ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တန်ဖိုးသင့်ကုန်ပစ္စည်းများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။