ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချ

ကျွန်းလှ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တန်ဖိုးသင့်ကုန်ပစ္စည်းများ ‌ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးသင့်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းက တစ်ပတ်လျင်နှစ်ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ