တာမိုးညဲမြို့၊ တောင်တန်းသာသနာပြုဝေယံဘုံသာကျောင်း သန့်ရှင်းရေးသာယာလှပရေး ဆောင်ရွက်

တာမိုးညဲ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် လစဉ်အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈:၀၀) နာရီအချိန်က တာမိုးညဲမြို့၊အမှတ်(၅)ရပ်ကွက်ရှိ တောင်တန်းသာသနာပြုဝေယံဘုံသာကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် သီတင်းသုံး နေထိုင်ကြကုန်သော သံဃာတော် အရှင်သူမြတ်တို့နှင့် ဒကာ၊ ဒကာမတို့ ဝါတွင်းကာလတွင် အေးချမ်းစွာ တရားအားထုတ်နိုင်ရန်၊ သန့်ရှင်းသပ်ရပ်ပြီး ခြင်ပေါက်ပွားမှုမရှိစေရန် ရည်ရွယ်၍ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ချုံနွယ်ပိတ်ပေါင်း များအား မြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်းနှင့် ရှင်းလင်းပြီးအမှိုက်များအား စနစ်တကျ စွန့်ပစ် ရှင်းလင်းခြင်းများ ကိုဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ရှေ့တန်းတပ်ရင်း၊ခလရ(၂၉၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထိန်လင်းထက်နှင့်နယ်မြေခံတပ်ရင်းခလရ(၂၉၀)မှ ဗိုလ်မှူးစိုင်းခမ်းလိတ်တို့ဦးဆောင်သော အရာရှိ၊ စစ်သည်၊ ရဲမေများ၊ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၁၅)ဦးခန့်တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခေါန်မိုင် (တာမိုးညဲ)