ဘားအံမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် မဟာဇနက ပရိယတ္တိစာသင်တိုက် တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း+ဒေါ်ကလျာထွေးမိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။

ဟုမ္မလင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအတွက် ကျပ်သန်းပေါင်း (၈၀၇ ဒသမ ၅) ထုတ်ချေပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်သူတောင်သူ(၁၅)ဦးအတွက် ကျပ်သန်းပေါင်း ( ၈၀၇ ဒသမ ၅ ) ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ ဧက ၉၃၂၆ ဧက လျာထား စိုက်ပျိုးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ပဲမျိုးစုံသီနှံစိုက်ဧက ၉၃၂၆ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ပဲမျိုးစုံသီးနှံ ၇၂၃၉ ဧက စိုက်ပျိုးပြီး စီးသွားပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လားရှိုးမြို့တွင် တိုင်ထောင်ပဲသီးဝယ်ယူစားသုံးသူများပြီး ဈေးကောင်းရလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၄၅ ရက်တိုင်ထောင်ပဲသီးများ စိုက်ပျိုးသူများလျက်ရှိပြီး ယခုကာလအတွင်း တိုင်ထောင်ပဲသီးထွက်ပေါ်ချိန်တွင် ဝယ်ယူစားသုံးသူများလျက်ရှိနေကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာစောင့်ရှောက်မှု ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် အချိုးကျကိုယ်စားပြုစနစ်(PR)စနစ်အကြောင်း အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အချိုးကျကိုယ်စားပြုစနစ်(PR)အကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမျာမှ ပြည်သူ (၂၉၀) ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ၌ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to