မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ ဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် ကလေးသူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီက ကလေးသူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မင်းတုန်းမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ၊ ကိုယ်ကျင့်တရားဆိုင်ရာများ ဆွေးနွေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ အကြိမ်(၂၀)မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ အကြိမ်(၂၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းစရာမလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်

ကရင်ပြည်နယ်သည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာပါက မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာကာ ရေကြီးရေလျှံမှု၊ မြေပြိုမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
Subscribe to