လပွတ္တာမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ၃၂.၁၆ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၁၈ရက်နေ့ မှစတင်ထုတ်ချေးခဲ့ရာ ဇူလိုင်လ ၂၆ရက်နေ့အထိ ၃၂.၁၆ ခိုင်နှုန်းထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။