ဟင်္သာတခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်နံရံကပ်ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဆိပ်ဖြူ (အ.ထ.က)ကျောင်း နဝရတ်ခန်းမတွင်ဆောင်ရွက်သည်။

ကံမမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြု ဗဟိုဌာန)၌ ယမန်နေ့ နေ့လယ် (၃) နာရီက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းနှင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”  စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။
Subscribe to