ခန္တီးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားရေးနှင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဖြစ်သော (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများ၊ အဘိတ်ခတ်ခြင်း လုပ်ငန်းများကို မြို့မရပ်ကွက်၌ ယနေ့ နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အုန်းတောကမ်းကျေးရွာအုပ်စု  နီပါးကျေးရွာ အနီးကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့ က‌လေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအာ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်‌စေရေး ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ် လူရွယ်များ အသိပညာ တိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြတ်စေရန်၊ တီထွင်ဖန်တီးတက်စေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယမန်နေ့ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိရာ စာကြည့်တိုက်သို့ စာအုပ်စာ‌စောင်များ လာရောက်ဖတ်ရှုငှားရမ်းကြ‌သော ကျောင်းသား/သူလေးများအား အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 

လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မူကြိုကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူကြိုကလေးငယ်များနှင့် အသက် (၅) နှစ်မှ အသက် (၁၈) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
Subscribe to