နတ်တလင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီးသာသနာ့ဗိမာန်တော်၌ (၂၆)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ဦးဇဠိလ (ဇေယျဝတီကျောင်းတိုက်)ဆရာတော်ဦးဆောင်၍ နတ်တလင်းမြို့နယ်အတွင်း သတင်းသုံးနေထိုင်တော်မူသော ဆရာတော်သံဃာတော်စုစုပေါင်း (၁၀၈)ပါးအား နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)ဦးခင်မောင်မြင့်၊ သကျမဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးကို၊ ဒုတိယဂေါပကဥက္ကဋ္ဌဦးသိန်းအောင်နှင့်ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်အလှူရှင်စုစုပေါင်း(၁၀၀)ဦးတို့က နမောတဿသုံးကြိမ်ရွတ်ဆိုခြင်း၊ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်တစ်ပါးလျှင်ဝါဆိုသင်္ကန်းတစ်စုံစီနှင့် နဝကမ္မအလှူငွေတစ်သောင်းကျပ်တို့အားလည်းကောင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ စာသင်တိုက်များတွင် စာသင်သံဃာတော(၁၆၇)ပါးအတွက် ဝါဆိုသင်္ကန်း(၂၇၅)စုံအား အသီးသီးဆပ်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအနုမောဓနာတရားနာကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃)ကြီမ်ရွတ်ဆိုပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထားထားဦး (ပြန်/ဆက်)