မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ လယ်ဝေးခရိုင်ဘဏ်ခွဲသို့ လာရောက်စစ်ဆေး

လယ်ဝေး ဇူလိုင် ၂၆

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး(စာရင်းဌာန)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲတွင် လုပ်ငန်းဆောင်ရွက်နေမှုများအားလာ​ ရောက်ကြီးကြပ်စစ်ဆေးခဲ့သည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် လယ်ဝေးခရိုင်ဘဏ်ခွဲမှ ဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ကြွေးကျန်(NPL)များ ပြေကျေစွာကောက်ခံရရှိရေး၊ ချေးငွေသစ်များထုတ်ချေးနိုင်ရေး စီစဥ်ဆောင်ရွက်ရန်၊ ငွေကြေးအလွဲသုံးစားမှုများ မရှိစေရေးနှင့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဝန်ထမ်းများအားလုံး တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ဘဏ်ခွဲမန်နေဂျာအနေဖြင့် ဝန်ထမ်းများ၏ Capacity Building မြင့်မားလာစေရေး Knowledge Sharing များ အပတ်စဥ်ပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် လယ်ဝေးခရိုင်ဘဏ်ခွဲ၏ စာရင်းနှင့်လုပ်ငန်းများအား ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)