ကျိုက်လတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ကျုံလမုစခန်းနယ်မြေမှ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ ကျုံလမုကျေးရွာ၊ ကျုံလမုဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinophram)ကို တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၊ ကျွမ်းကျင်မှုသင်တန်းကျောင်း(စက်စဲ၌) အခြေခံလျှပ်စစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (စက်စဲ)တွင်ဖွင့်လှစ်သည့်အခြေခံလျှပ်စစ်သင် တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဒလမြို့နယ်တွင် မိုးရာသီ လေကာအုန်းပင်စိုက်ပျိုးပွဲ ကျင်းပ

သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် သစ်တောဦးစီးဌာနနှင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်ကာ  မိုးရာသီလေကာ အုန်းပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်(၈)နာရီအချိန်က သမတကမ်းခြေရပ်ကွက်  ကျောက်စွဲဝန်း၌ ကျင်းပသည်။   

ခရမ်းမြို့နယ် ဆင်မင်းအိုင် ကျေးရွာတွင်ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူဝန်ထမ်းများ၊ ဆင်မင်းအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ဆင်မင်းအိုင်ကျေးရွာ ဘုန်းတာ်ကြီးကျာင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် (၉:၀၀) နာရီမှ ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကိုကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် လေယာဉ်ခရီးစဉ်ပြေးဆွဲ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဒေသခံပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် စားသောက်ရေးအစဉ်ပြေရန်အတွက် တပ်မတော်လေမှ ဇူလိုင် ၂၅ရက်နေ့ နံနက်တွင် ရန်ကုန်မလေဆိပ်မှ ကိုကိုးကျွန်းလေဆိပ်သို့ လေယဉ်ခရီးစဉ် ပြေးဆွဲခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၊ အ‌ခြေခံပညာမူလတန်းကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား/ သူများကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉:၃၀နာရီက၊ အ.မ.က ၁၄ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ကျောင်းသား/ သူ (၉၁)ဦးထိုးနှံပြီး ဖြစ်ကြောင်းနှင့်ကျန်ရှိနေသော ကျောင်းသား/ သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွား(၄၁၈)ဦးအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်အသက် ၈၅နှစ် အထက်ရှိဘိုးဘွား (၄၁၈) ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို  မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က သွားရောက်ထောက်ပံ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်ပျက်ကွက်သည့် ကလေးငယ်များနှင့်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသည့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ရပ်ကွက်များအလိုက် Mobile စနစ်ဖြင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ​သေးသည့် ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော
Subscribe to