မလှိုင် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးဇော်ဇော်ဦးနှင့်အဖွဲ့သည် ယမန်နေ့နေ့လည်(၁၂)နာရီ အချိန်က မြို့နယ် အုပ်ချုပ်ရေးမှူး(လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူ များ လိုက်ပါလျက် မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အားကစားကွင်းနှင့် အားကစားရုံမြေနေရာ အသုံးပြုရန် မြေလွှဲအမှုတွဲလျှောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းနှင့် အားကစားရုံ မြေနေရာ အသုံးပြုရန် လျှောက်ထားလာသည့် အမှူတွဲအမှတ် (၃/၂၀၁၉-၂၀၂၀)အမှုတွဲအား မြေယာ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုနှင့် ပတ်သက်၍ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက် ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက်က မြေလွဲအမှုတွဲလျှောက်ထားသည့် မြေဧရိယာ(၆.၂၁)ဧကနှင့် ပတ်သက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေရာဇဝင်စိစစ်ချက်၊ မြို့နယ်တည်နေရာပြမြေပုံ ၊ မြို့မအားကစားကွင်း တည်နေရာပြမြေပုံ၊ ပတ်ဝန်းကျင်ပြမြေပုံ၊ ကောင်းကင်မြေပုံ( Google map ) ၊ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထား မှတ်ချက်များအား အမှုတွဲနှင့်အတူ အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး(လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ၊ အားကစားမှူးနှင့်ဝန်ထမ်းများက အားကစားကွင်းနှင့် အားကစားရုံမြေနေရာတို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)