ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးအား စစ်ဆေးကြည့်ရှုပြီး ၀န်ကြီးဌာနအောက်ရှိ ၀န်ထမ်းများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြား

မောင်တော  ဇူလိုင်  ၂၆

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့နံနက်ပိုင်းက  မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှိ ၀န်ထမ်းများနှင့် တွေ့ဆုံကာ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာ၀န်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဦးစီးဌာန၏​ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြည့်မှီ အောင်ဆောင်ရွက်စေရေး အတွက် လမ်းညွန်မှာကြားခဲ့ပြီး ဌာနရုံးအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာန ၄ ခုမှ အဖွဲ့၀န်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဌာနတာ၀န်ရှိသူများက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့်​ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏​ဆောင်ရွက်မှု အ​ခြေအ​နေများအား ‌တင်ပြခဲ့ကြပြီး အင်ဂျင်‌နီယာချုပ်က လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)