မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်

မိုင်းဆတ် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာစောင့်ရှောက်မှု ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လ (၃)လစာအတွက် (၃၀၀၀၀)ကျပ်စီကို မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီနှင့် ဆေးဝါးများ၊ အာဟာရဖြည့်စွက်စာများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(မိုင်းဆတ်)