နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် မဟာဇနက ပရိယတ္တိစာသင်တိုက် တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တပ်ကုန်း ဇူလိုင် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း+ဒေါ်ကလျာထွေးမိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းရာတွင် မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ မထေရ်မြတ်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းအကျိုး တရား တော်များ ဟောကြားခဲ့ပြီးနောက် လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့ နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း+ဒေါ်ကလျာထွေးမိသားစုတို့က ဆရာတော်၊ သံဃာတော်များနှင့်သံမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး၊ သံမဏေငယ်များအား ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများ ရှင်းလင်းပြောကြားပြီး၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ အခက်အခဲများ  ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကျန်းမာရေးဆရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ဥတ္တရခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်ဝင်းထွန်းက မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် မိမိမွေးမြူထားသည့် တိရစ္ဆာန်အကောင်ရေ လျှော့မသွားစေရေး၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လိုသူများကိုလည်း ကူညီဆောင်ရွက်ပေးမည့် အခြေ အနေများ၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ပတ်သက်၍ ဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ နှင့်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်