လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမျာမှ ပြည်သူ (၂၉၀) ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

လယ်ဝေး ဇူလိုင် ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဇူလိုင် ၂၆ ရက်တွင် ညိုပင်ကျေးရွာတွင် (၁၈၁) ဦး၊ အမှတ် ၄ ရပ်ကွက်တွင် (၇၀) ဦး၊  မြို့နယ် လ.ဝ.က ရုံးတွင် (၃၉) ဦး၊ စုစုပေါင်း (၂၉၀) ဦး၏ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)