လားရှိုး ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၄၅ ရက်တိုင်ထောင်ပဲသီးများ စိုက်ပျိုးသူများလျက်ရှိပြီး ယခုကာလအတွင်း တိုင်ထောင်ပဲသီးထွက်ပေါ်ချိန်တွင် ဝယ်ယူစားသုံးသူများလျက်ရှိနေကြောင်း သိရသည်။
တိုင်ထောင်ပဲသီးများကို လားရှိုးမြို့နယ်အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် အီနိုင်း၊ ခေးခမ်း၊ ခါးသျှီ၊ နမ့်ခိုက်၊နားမခေါ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလေ့ရှိကြပြီး အချို့မှာ စိုက်ခင်းကျယ် များဖြင့် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
“ကျွန်တော်ကတော့ ချဉ်ပေါင်၊ ကန်ဇွန်း၊ ခရမ်းသီး၊၄၅ ရက်တိုင်ထောင်ပဲတွေကို စိုက်ခင်းကျယ်ထဲမှာ စီးပွားဖြစ် စိုက်ပျိုးပါတယ်။ ဒီတစ်နှစ်က အသီးအနှံ ဟင်းသီးဟင်းရွက်တွေက ဈေးကောင်း ရရှိပါတယ်။ လားရှိုး မှာက အသီးအနှံရောင်းချဖို့အတွက် တကူးတက ဈေးထိသွားရောင်းစရာမလိုဘူး။ လက်ကားလာ ဝယ်တဲ့သူ တွေများတယ်။” ဟု ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချ သူတစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင် ယခင်နှစ်က တိုင်ထောင်ပဲ တစ်ပိသာလျင် ၁၂၀၀ ကျပ်သာ ဈေးရှိသော်လည်း ယခုနှစ်တွင် တစ်ပိသာ ၂၀၀၀ ကျပ်ဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)