ဘားအံမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show

ဘားအံ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ  Talk Show  ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်ပြီး ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းစသည့် ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ဌာနမှပါဝင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ‌MSME ထုတ်ကုန်များမှာ ကုန်ညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြရသည့်အချက်များ၊ MSME ထုတ်ကုန်များမှာ ကုန်ညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းရှင်များအား ဌာနမှချိတ်ဆက်ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)