စပါး-ငါး တွဲဖက်မွေးမြူဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စပါး-ငါး တွဲဖက်မွေးမြူ ဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့်များ ထောက်ပံ့ပေးခြင်းအခမ်းအနားကို

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သီးနှံထုတ်ကုန်များအား ပြည်ပဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်

ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် တစ်သျှူးငှက်ပျော၊ ငရုတ်၊ ပြောင်း၊ ပဲအမျိုးမျိုးတို့အား မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိရာ အဆိုပါသီးနှံများအား အချိန်မီတင်ပို့နိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းတာဝန်ရှိသူများနှင့် ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာပေချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းကာ စာရေးဆရာမ ခင်စောတင့်ရေး သားသည့်  “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ ”စာအုပ်ဖြင့်

mTube Streaming လွှင့်တင်နည်း သင်တန်းသံတွဲ၌ဖွင့်လှစ်

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် mTube Streaming လွှင့်တင်နည်းသင်တန်းကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် Community Centre ခန်းမတွင် ဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို တစ်လလျှင် (၂) ကြိမ် ပြုလုပ်နိုင်ရန် ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀.၀၀) နာရီက ပြုလုပ်သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးသီးနှံများစိုက်ပျိုးပြီးစီးမှု ဧက ၃၉၄၂၃ စိုက်ပျိုးနိုင်ခဲ့ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊  မိုးသီးနှံများ စိုက်ပျိုးစီးမှု   ၃၉၄၂၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး ထံမှသိရသည်။

ဖောင်းပြင်မြို့နယ်မှ ဝက်မွေးမြူရေးလုပ်ကိုင်သူများ အစာအိတ်ပြတ်လပ်သဖြင့် အခက်အခဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဝက်မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် ဝက်စာအိတ်များကို မန္တလေးမြို့မှ တစ်ဆင့် ရေလမ်း၊ ကုန်လမ်းတို့မှ သယ်ယူ၍မွေးမြူရေးကို အစဉ်တစိုက် လုပ်ကိုင်လာကြရာမှ လမ်းခရီးမကြာခဏပိတ်ဆို့မှုများကြောင့် ဝက်စာအိတ်များ ပြတ်လပ်ကာ မွေးမြူရေးလုပ်ကိုင် ရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ဝက်မွေး မြူရေးလုပ်ကိုင်သူ ဦးမျိုးသိန်းထံမှ သိရသည်။

တွံတေးမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့ မြို့မကျောင်းကြီးဦးစီးပဓာနနာယက လွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး၏ ဦးစီးပဓာန နာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး(ဘဒ္ဒဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါ ကျောင်း ၌ကျင်းပခဲ့သည်။
Subscribe to