ကျောက်မဲမြို့တွင် အချိုးကျကိုယ်စားပြုစနစ်(PR)စနစ်အကြောင်း အသိပညာပေးဟောပြော

ကျောက်မဲ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အချိုးကျကိုယ်စားပြုစနစ်(PR)အကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျောက်မဲခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းနိုင် က အချိုးကျကိုယ်စားပြုစနစ် PR အကြောင်းများ၊ PR စနစ် အသုံးပြုရသည့် အကြောင်းအရင်းနှင့် ကောင်းကျိုးများ၊ လွှတ်တော်ဖွဲ့စည်းမှုနှင့် ကျောက်မဲခရိုင်အတွင်း ပါဝင်မည့် မဲဆန္ဒနယ်များ အကြောင်းတို့ကို အသိပညာပးဟောပြောခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)