ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ ဧက ၉၃၂၆ ဧက လျာထား စိုက်ပျိုးဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ပဲမျိုးစုံသီနှံစိုက်ဧက ၉၃၂၆ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ပဲမျိုးစုံသီးနှံ ၇၂၃၉ ဧက စိုက်ပျိုးပြီး စီးသွားပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ပဲတီစိမ်းသီးနှံ ၅၂၁၄ ဧက၊ ပဲစင်းငုံသီးနှံ ၅၂၃ ဧက၊ ပဲကြီးသီးနှံ ၃၃၅၆ ဧက၊ အခြားပဲသီးနှံ ၂၃၃ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံစိုက်ဧက  ၉၃၂၆ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဇွန်လဆန်းပိုင်းကစပြီး မိုးသီးနှံအမျိုးအစားအလိုက် သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ ပဲမျိုးစုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်းသီးနှံ ၆၂၇၂ ဧက၊ ပဲစင်းငုံသီးနှံ ၈၃၅ ဧက၊ အခြားပဲသီးနှံ ၁၃၂ ဧက၊ စုစုပေါင်း ၇၂၃၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးမှုအနေဖြင့် ဒေသတွင်းရှိ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန် ရည်ရွယ်ပြီးတော့ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲကြီးနဲ့ အခြားပဲသီးနှံ စုစုပေါင်း ပဲမျိုးစုံသီးနှံ စိုက်ဧက ၉၃၂၆ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှုအနေနဲ့ ပဲတီစိမ်း ၆၂၇၂ ဧက၊ ပဲစင်းငုံ ၈၃၅ ဧက၊ အခြားပဲသီးနှံ ၁၃၂ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၇၂၃၉ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒေသတွင်းရှိ တောင်သူတွေကိုလည်း မိုးသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သီးနှံများအလိုက် တစ်ဧက ပန်းတိုင်အထွက်နှုန်းများ ကောင်းမွန်စေဖို့ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်၊ သွင်းအားစုပစ္စည်း အချိုးကျ သုံးစွဲနည်းစနစ်များ စနစ်တကျ သိရှိလိုက်နာနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ခံ ကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ပြီး ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေလည်း ကောင်းမွန်တာကြောင့် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းဟာ  အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက် မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများကို မျိုးကောင်း မျိုးသန့် ရွှေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ လိုက်နာကျင့်သုံးရေး၊ သဘာဝဓာတ် မြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲတတ်စေရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )