ဟုမ္မလင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအတွက် ကျပ်သန်းပေါင်း (၈၀၇ ဒသမ ၅) ထုတ်ချေပေး

ဟုမ္မလင်း ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်သူတောင်သူ(၁၅)ဦးအတွက် ကျပ်သန်းပေါင်း ( ၈၀၇ ဒသမ ၅ ) ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေထုတ်ယူသည့် လက်ဖက်စိုက်တောင်သူ(၁၂)ဦး၊ ရာသီသီးနှံစိုက်ပျိုးဝယ်ယူကြိတ်ခွဲရေး လုပ်ကိုင်သူ(၂)ဦး၊ ရော်ဘာနှင့်နှစ်ရှည်သီးနှံ စိုက်ပျိုးတောင်သူ(၅)ဦး၊ စုစုပေါင်း(၁၉)ဦးအတွက် ကျပ်သန်းပေါင်း (၈၀၇ ဒသမ ၅) ထုတ်ပေးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦး စီးဌာနရုံးမှ သိရသည်။

လင်းလင်း(ပြန်/ဆက်)