ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ပဲသီးနှံမျိုးစုံ(၂၀၄၇၈)ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဇူလှိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး ဒေသအတွင်း ပဲမျိုးစုံဖူလုံပိုလျှံရေးအတွက် ပဲတီစိမ်း၊ ပဲစင်ငုံနှင့် ပဲသီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲသီးနှံမျိုးစုံ(၂၀၄၇၈)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း(၆)ခုရှိပြီး   မင်းရဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ပဲတီစိမ်း(၁၃၀)ဧကနှင့် အခြားပဲ(၂၁၁)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ပဲတီစိမ်း(၈၉၂၀)ဧက၊ ပဲစင်ငုံ(၁၄၉၁)ဧကနှင့် အခြားပဲ(၅၉၉)ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ပဲတီစိမ်း(၁၂၅၀)ဧက၊ ပဲစင်းငုံ(၂၀၀)ဧကနှင့် အခြားပဲ (၁၄၁၀)ဧက၊  ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ပဲတီစိမ်း(၅၇၁)ဧက၊ အခြားပဲ(၇၂၉)ဧက၊  စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ပဲတီစိမ်း(၁၄၀၀)ဧကနှင့် အခြားပဲ(၇၂၁)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ပဲတီစိမ်း(၄၂၂)ဧကနှင့် အခြားပဲ(၂၄၃၃)ဧက စုစုပေါင်း (၃၄၄၄)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပဲမျိုးစုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပဲစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်းပြီး ဒေသနှင့်ကိုက်ညီသည့် ပဲမျိုးများနှင့် စိုက်နည်းစနစ်များ နည်းပညာများစနစ်တကျ ကူညီပေးလျက်ရှိကြောင်း   သိရသည်။

သက်မောင်(ကျောက်ဆည်)